ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ပန်းတောင်း   ဇွန်   

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး အဆိုပါစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းအား ယနေ့နံနက် (:၀၀) နာရီအချိန်က ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရ၊ အဖွဲ့ဝင် ဗိုလ်မှူးကျော်ညီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်း၊ မြို့နယ်ပညာရေးမှူး ဦးသိန်းဒန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးနှင့် တာဝန်ရှိသူများက အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်များ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ကျောင်းသား/သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးအစီအမံများချမှတ်၍ ကျောင်းပတ်ဝန်းကျင်တစ်လျောက် စောင့်ကြပ်စောင့်ရှောက်ပေးလျက်ရှိကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော မူလတန်း (၁၁၃၃၆) ဦး၊ အလယ်တန်း (၄၅၃၅) ဦး၊ အထက်တန်း (၁၇၆၆၀) ဦး စုစုပေါင်း ကျောင်းသား/သူ (၃၃၅၃၁) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)