ရွှေတောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရွှေတောင်   ဇွန်   

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက်  ယနေ့နံနက် နာရီတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ကျောင်းတက်နေပြီးဖြစ်ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ()ကျောင်း၊ အထက်တန်း (ခွဲ)ကျောင်း ()ကျောင်း၊ အလယ်တန်းကျောင်း ()ကျောင်း၊ အလယ်တန်း(ခွဲ)ကျောင်း ()ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၁၃) ကျောင်း၊ မူလတန်းကျောင်း (၁၃၂)ကျောင်း၊ အမကခွဲကျောင်း (ကျောင်း၊  စုစုပေါင်း အခြေခံပညာကျောင်း (၁၇၉) ကျောင်း၊ ကိုယ်ပိုင်ကျောင်း ()ကျောင်း ရှိကြောင်း သိရသည်။ ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် ကျောင်းအပ်နှံပြီးသူ အခြေခံပညာမူလတန်းအဆင့်တွင် ကျောင်းသားကျောင်းသူ (၁၀၄၀၄)ဦး၊ အလယ်တန်းအဆင့်တွင် (၃၇၆၈)ဦး၊ အထက်တန်းအဆင့်တွင် (၃၇၆၈)ဦးရှိပြီး မြို့နယ်အတွင်းကျောင်းအပ်နှံပြီးသူပေါင်း (၁၅၃၅၉)ဦး အပ်နှံထားရှိပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)