ဂွ ဇွန် ၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဂွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အ.ထ.က(၁၀)ကျောင်း၊ အ.ထ.ကခွဲ(၂)ကျောင်း၊ အ.လ.က(၈)ကျောင်း၊ အ.လ.ကခွဲ(၁၅)ကျောင်း၊ မူလွန်ကျောင်း(၂၁)ကျောင်း၊ အ.မ.က(၇၃)ကျောင်း၊ အ.မ.ကခွဲ(၁၁)ကျောင်း စုစုပေါင်း ၁၄၀ကျောင်းကို ယနေ့ ဇွန်လ(၂)ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန်အတွက် ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာဆရာမများ ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေးနေကြကြောင်းသိရသည်။ ထို့ပြင် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို လည်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြာင်း သိရသည်။
ရွှေရည်ဝင်းကျော်