အမ်း ဇွန် ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ(၂)ရက် နံနက်(၉)အချိန်မှ စတင်ဖွင့်လှစ် ပညာသင်ကြားလျက်ရှိကြောင်းသိရှိရသည်။
အမ်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၁)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၁၁)ကျောင်း၊ အလယ်တန်းကျောင်း (၂၇)ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ)(၂၈)ကျောင်း၊ မူလတန်းလွန်ကျောင်း(၃၅)ကျောင်း၊ အမက(၆၅)ကျောင်း၊ အမက(ခွဲ)(၄၀) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း(၃)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်း စုစုပေါင်း(၂၂၃)ကျောင်းရှိရာ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျောင်းသို့ မဝင်ရောက်မှီ ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာဆရာမများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ Maskများ ဖြန့်ဝေပေးခြင်းကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းများတွင် လက်ဆေးဘေစင်များ စနစ်တကျတပ်ဆင်ထားခြင်း၊ စာသင်ခန်းများ စနစ်တကျထားရှိခြင်း၊ ကျောင်းဥပဓိ ရုပ်ကောင်းမွန်ရေး ကြိုတင်ဆောင်ရွက်ထားရှိကြောင်းသိရှိရသည်။
ဆက်လက်ပြီး ကျောင်းအပ်နှံရန်ကျန်ရှိသူများအား ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြာင်းသိရသည်။
စိုးမင်းထွန်း
မြို့နယ်ပြန်/ဆက်