ဝေါမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ဝေါ ဇွန် ၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်သောကြောင့် ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း(၁၃၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၉)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းတို့၌ ကျောင်းသား၊ ကျောင်းသူ(၃၄,၅၄၃)ဦးတို့ အေးချမ်းပျော်ရွှင်စွာ စတင်ကျောင်းတက်ကြကြောင်း သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ လုံခြုံရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုးမိုးအောင်