တောင်ငူ၌ အခြေခံပညာကျောင်းပေါင်း ၁၈၉ ကျောင်း တစ်ပြိုင်တည်းဖွင့်လှစ်

တောင်ငူ ဇွန် ၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေး ရက်သတ္တတစ်ပတ်အဖြစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ လက်ခံခဲ့ပြီး ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့စတင်ဖွင့်လှစ်ရာ ကျောင်းသို့လာရောက်တက်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်း၊ ခရိုင်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ ကျောင်းအုပ်များ၊ ကျောင်းတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကြိုဆိုကြသည်။

တောင်ငူမြို့နယ်အတွင်း အခြေခံပညာကျောင်း(၁၉၅)ကျောင်းရှိသည့်အနက် အခြေခံပညာအထက်တန်းကျောင်း(၂၅)ကျောင်း၊ အလယ်တန်းကျောင်း(၁၅၆) ကျောင်း၊ မူ/ လွန် ကျောင်းနှင့်မူလတန်းကျောင်း(၈)ကျောင်း စုစုပေါင်း(၁၈၉)ကျောင်း ဖွင့်လှစ်လျက်ရှိရာ အဆိုပါကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ ကျောင်းတက်ပြီး စာပေသင်ကြားလျက်ရှိသည်။

ထို့ပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့မှ အခြေခံပညာကျောင်းများရှိ အသက် ၅ နှစ် မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးလျက် ရှိသည်။

ခရိုင်ပြန်/ဆက်