မိုးညို ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ အခြေခံပညာအထက်ကျောင်း အထက (မိုးညို)နှင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက် (၇)နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉ )နာရီက အထက (မိုးညို)တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ဦး ဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင်နှင့် အဖွဲ့ဝင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဦးမြင့်ဌေးနှင့် တပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲထွဋ်အောင်၊ အတွင်းရေးမှူး ရဲမှူးဝင်းကျော်ကျော်လွင်တို့က ကြည့်ရှုအားပေးခဲ့ကြပြီး ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား မုန့်များဝေငှပေးခဲ့ကြောင်း သိရသည်။
ကိုမင်း