အုတ်ဖို ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများနှင့် ကလေးသူငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အုတ်ဖိုမြို့နယ်အတွင်း အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကာကွယ်ဆေးထိုးရန် (၁၀၃၅၂)ဦးရှိပြီး ကာကွယ်ဆေးထိုးခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၅)ကျောင်းတွင် စုရပ်ပြုလုပ်ကာ ထိုးနှံပေးလျက်ရှိကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ