ကျုံပျော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကျုံပျော် ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခြင်းကို ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု အသီးသီးတို့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများ တက်ရောက်ရန်အတွက်  မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၄၈၆၁)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၆၉၉၅)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀၇)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၃၈၆၃)ဦးတို့ ကျောင်းအပ်နှံ တက်‌ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းများ ဖွင့်လှစ်သင်ကြားရာတွင် လုံခြုံမှုရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျုံပျော်မြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  အခြေခံပညာ အထက်တန်းကျောင်း (၁၇)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၈)ကျောင်း၊ အလယ်တန်းကျောင်း (၂၀) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)၊ မူလတန်း (လွန်)နှင့် မူလတန်းကျောင်း (၂၀၆) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၃)ကျောင်း၊ စုစုပေါင်း (၂၅၆) ကျောင်း ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)