ရွှေသောင်ယံမြို့တွင် ကျောင်းများ စတင်ဖွင့်လှစ်သည့်‌နေ့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ

ရွှေသောင်ယံ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့ ကျောင်းစတင်ဖွင့်လှစ်ချိန် နံနက် (၉)နာရီမှ (၁၂)နာရီအထိ အသက်(၅)နှစ်မှ(၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် ရွှေသောင်ယံမြို့ အ-ထ-က(ရွှေသောင်ယံ)၌ စုရပ်ပြုလုပ်၍ အ.ထ.က(ရွှေသောင်ယံ)မှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ၊ အမှတ်(၁)ရပ်ကွက်ရှိ အ-မ-က(၁၁၂)ခရင်ချောင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ အ-မ-က(၇၉)ဂျိုင်လယ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ အမှတ်(၂)ရပ်ကွက်ရှိ အ-မ-က(၁၈၃)ကျောက်တလုံးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ အမှတ်(၃)ရပ်ကွက်ရှိ အ-မ-က(၁၃၀)ဂျိုင်ကြီးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ အ-မ-က(၁၉၀)အုန်းတောကြီးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ လာရောက်၍ ကာကွယ်ဆေးများ ထိုးနှံခဲ့ကြသည်။

သို့ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော်နှင့် ကျန်းမာရေးဆရာမဒေါ်သီတာဝင်းမှ ကျောင်းသားမိဘများအား ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ လိုက်နာရမည့် စည်းကမ်းများကို ရှေးဦးစွာမှာကြားပေးခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးများထိုးနှံရာသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရွှေသောင်ယံတိုက်နယ်ဆေးရုံမှ ဒေါက်တာဉီးကိုကိုနိုင်နှင့် သပေါ့ကန် ကျေးလက်ကျန်းမာရေးဌာမှ ကျန်းမာ‌ရေးဝန်ထမ်းများ၊‌ နယ်မြေခံတပ်ဖွဲ့များ၊ နယ်မြေခံရဲတပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊‌ ကျောင်းသားမိဘများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)