သာယာဝတီမြို့တွင် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းဖွင့်ပွဲ ကျင်းပ

သာယာဝတီ ဇွန် ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အင်းရွာတောင်သူလယ်သမား သင်တန်းကျောင်းခန်းမတွင် “လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း” ကို ဇွန်လ ၁ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး၊ ဦးစီးမှူး ဦးကျော်ကျော်ဦးက အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းမှူး ဒေါ်ခင်လေးဇံမှ သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ သင်တန်းကို သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစောထွန်းဦး၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ သာယာဝတီခရိုင်နှင့် ပြည်ခရိုင်တို့မှ သင်တန်းသား၊ သင်တန်းသူ (၂၀၂) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ၃ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)