ရန်ကင်း ဇွန် ၂
“ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံအဝှမ်းရှိ အခြေခံပညာ ကျောင်းများအား ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှ စတင်ကာ ဇွန် ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် သတ်မှတ်ခဲ့ရာ ရန်ကင်းမြို့နယ်၌ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်းများကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်လက်ခံရာတွင် အသက် ၅ နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG)၊ အသက် ၆ နှစ်အရွယ် ကလေးများကို ပထမတန်း (Grade-1) သို့ အပ်နှံနိုင်ပြီး မူလတန်း၊ အထက်တန်း၊ အလယ်တန်းများအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံး ပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများအား ထောက်ပံ့ပေးအပ်ခဲကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ကျောင်း(၇)ကျောင်း၊ အခြခံပညာမူလတန်းကျောင်း (၁၀) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁) ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း (၂) ကျောင်း၊ စုစုပေါင်း (၂၄) ကျောင်းတို့၌ မူလတန်းအဆင့် ကျောင်းအပ်နှံသူ (၁၄၉.၀၇) ဦး၊ အလယ်တန်းအဆင့် ကျောင်းအပ်နှံသူ (၁၁၉.၇၂) ဦး၊ အထက်တန်းအဆင့် ကျောင်းအပ်နှံသူ (၁၁၇.၂၇)ဦး၊စုစုပေါင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းအထိ ကျောင်းအပ်နှံသူပေါင်းမှာ (၁၃၇.၁၅) ဦး လာရောက်အပ်နှံခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံ ဆောင်ရွက်မှုများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ မြို့မိမြို့ဖများ၊ ကျောင်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများ လာရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အိရွှေစင် (ပြန်/ဆက်)