ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းသင်တန်းဖွင့်လှစ်

ညောင်ဦး ဇွန်  ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Communit Centre)ခန်းမ ၌ ယမန်နေ့မှစတင်ပြီး သတင်းဗွီဒီယိုရိုက်ကူး တည်းဖြတ်ခြင်းသင်တန်းဖွင့်လှစ်ခဲ့ရာ (ယနေ့)ဒုတိယနေ့အဖြစ် ဆက်လက် သင်တန်းဖွင့်ပို့ချ လျက်ရှိကြောင်းသိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းသင် တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းဆွေးနွေးပြီး၊ သင်တန်းနည်းပြ ဦးဝင်းထိန်က သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်ရေးဘာသာရပ်အား စာတွေ့လက်တွေ့လုပ် ဆောင်မည့်အချက်များနှင့် စပ်လျဉ်း၍ဆွေးနွေးသင်တန်းပို့ချသည်။ အဆိုပါသင်တန်းအား ညောင်ဦးခရိုင်ရုံး ပြန်/ဆက် ဝန်ထမ်းများ၊ ငါ့သရောက်မြို့ရုံး၊ ပြန်/ဆက်ဝန်ထမ်းများတက်ရောက်၍ စာတွေ့လက်တွေ့သင်ယူခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ