လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်

လိပ်သို ဇွန် ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။

ထိုသို့လိုက်လံနှိုးဆော်ရာတွင် မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူများရှိနေသေး၍ အထူးသတိပြုနေထိုင်ကြရန်၊ တစ်ဦးခြင်း ရောဂါကာကွယ်ရေးအခြေခံစည်းကမ်းများကိုလိုက်နာကြရန်၊ သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ခြင်းသတင်း ပေးပို့ရန်၊ အလှည့်ကျရရှိလာသည့်ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံကြရန်၊ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသူများ ကျန်းမာရေးဌာနနှင့်ဆက်သွယ်၍ ထိုးနှံထားကြရန်၊ ကျန်းမာရေးဌာနကထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကိုလိုက်နာကြရန် စသည့်အသိပညာပေးနှိုးဆော်မှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

စောဝေါ်ကွောထူး