ခမောက်ကြီး ဇွန် ၂
၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ(၂)ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖွင့်လှစ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့နံနက်မှစ၍ စတင်ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။
အဆိုပါ စာသင်ကျောင်းများစတင်ဖွင့်လှစ်ရာတွင် ကျောင်းသားမိဘ၊ အုပ်ထိန်းသူများက မိမိတို့၏ ကျောင်းနေအရွယ်ကလေးသူငယ်များအား စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ တိုးတက်ကောင်းမွန်ကြစေရန်အလို့ငှာ ကျောင်းသို့လိုက်ပါပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ရူပါမြင့်(ခမောက်ကြီး)