သာပေါင်း ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စာသင်ကျောင်းများ ဖွင့်လှစ်ရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးပြင်ဆင်ထား ရှိမှုအခြေအနေများအား ယမန်နေ့ ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က အခြေခံပညာ ကျောင်းများအား လိုက်လံကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်း၊ ပညာရေးဌာန နှင့်ကျန်းမာရေးဌာတို့မှတာဝန်ရှိသူများက အမှတ်(၂)ရပ်ကွက် အ၊ မ၊ က(မြို့သစ်) စာသင်ကျောင်း၊ အမှတ်(၁)ရပ်ကွက် မူလွန်(ကညင်ကျောင်း)၊ အ၊ မ၊ က (ကျွန်းကလေး) စာသင်ကျောင်း၊ အမှတ်(၃) ရပ် ကွက်ရှိ အ၊ မ၊ က(သာပေါင်း)ကျောင်းတို့အား ဇွန်လ ၂ ရက်နေ့တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းစတင်တတ်ရောက်လာကြမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချော မွေ့စွာ ပညာ သင်ကြားနိုင်ရေးတို့ အတွက်ကျောင်းများကြို တင်ပြင်ဆင် ထားရှိမှုအခြေအနေများနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရေး အတွက်နေရာ ပြင်ဆင်ထားမှု၊ ဆေးထိုးရန်ကျောင်းသား မိဘများ သဘောတူညီ ကတိပြုဝန်ခံချက်ရယူထားရှိရေး၊ ဆေးထိုးရာတွင် လည်းကျန်းမာရေးဌာနနှင့် ပူးပေါင်း၍ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင် ရွက်ရေးတို့ကို စစ်ဆေးမှာကြားခဲ့ပြီးကျောင်း လိုအပ်ချက်များ ကိုပညာရေးဌာနမှ တစ်ဆင့်တင်ပြရန်နှင့်လိုအပ်ချက်များ အားပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)