သုံးခွ ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ကိုဗစ်ကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံ၍ (၆)လ ပြည့်ပြီးသော နိုင်ငံဝန်ထမ်းများနှင့် အသက် (၄၀)နှစ်အထက် ပြည်သူများအား Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အားကစားခန်းမတွင် ထိုးနှံပေးကြောင်း သိရသည်။
သုံးခွမြို့နယ် ရပ်ကွက်ကျေးရွာအတွင်းရှိ အသက်(၁၅)နှစ်ပြည့်ပြီးသူတိုင်း တစ်ဦး တစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြီးအစီး ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးနှစ်ကြိမ်ထိုးနှံပြီး နိုင်ငံ၀န်ထမ်းများ၊ အသက်(၄၀)နှစ်အထက် ပြည်သူများကို (Booster Dose)ထိုးနှံပေးခြင်းဖြစ်ပြီး ယမန်နေ့အထိ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ (၁၀၉၇၂၉)ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ(၁၀၅၈၆၅) ဦးထိုးနှံပြီးဖြစ်ပြီး ရာခိုင်နှုန်းအနေဖြင့် (၁၀၁.၉၇)ဦးရှိကြောင်း သိရသည်။
အခုလိုကိုဗစ်ကာကွယ်ဆေးတွ ေမြို့ပေါ်မှာသာမက ရပ်ကွက်တွေ ရွာတွေအထိ လိုက်လံထိုးနှံပေးနေတာ အဘအနေနဲ့ပီတိ ဖြစ်ရပါတယ်၊ အဘကာကွယ်ဆေး ထိုးတာဒီတစ်ခါနဲ့ဆို ၂ ကြိမ်ရှိပြီ အရင်ကမထိုးရဲဘူး နှလုံးရောဂါလဲရှိတော့၊ ကျန်းမာရေးဆရာ/ဆရာမတွေက နှလုံး၊ဆီချိုစသည်ဖြင့်ရောဂါတွေ ရှိလဲထိုးလို့ ရတယ်ဆိုတော့ ပျော်မိတာပေါ့၊ အဘတို့ အသက်အရွယ်ဆိုတာ ခန္ဒာကိုယ် အားအင်နဲလာပြီလေ ဒါကြောင့် ဒီရောဂါဆိုးကြီးကို ကာကွယ်ဖို့ ကာကွယ်ဆေးတွ ေထိုးပေးတဲ့ ကျန်းမာရေးဆရာမတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောချင်ပါကြောင်း ရေပေါ်ကန်ကျေးရွာနေ အဘ ဦးစိန်ထွန်းကပြောကြားသည်။
စည်သူလင်း