ရှမ်းရွာသစ် စက်တင်ဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မိခင်နှင့်ကလေးသူငယ်များ အာဟာရဆိုင်ရာရလဒ် များ ပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအား ဖြစ်စေမည့် ဝန်ဆောင်မှုများအား မိသားစု များ ရရှိစေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂) နှစ်အောက်ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လက်ဝယ် အရောက်ပေးအပ်ခြင်းကို ကွီးလော်ဖလိုးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဇွန်လအအထိ စောလောကျေးရွာအုပ်စုရှိ တတိယအကြိမ် အကျိုးခံစားမည့်သူ ကိုယ်ဝန်ဆောင်မိခင် (၁၃)ဦးနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးငယ်(၃၀)ဦး၊ ဇူလိုင်လမှ စက်တင်ဘာအထိ စတုတ္ထအကြိမ် ကိုယ်ဝန်ဆောင်မိခင်(၁၅)ဦးနှင့် အသက်(၂)နှစ်အောက်ကလေး(၃၀)ဦး တို့အတွက် တစ်လလျှင် ကျပ်(၁၅,၀၀ဝိ/)နှုန်းဖြင့် (၆)လစာ ကို လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)