ပင်လောင်း ဇွန် ၁
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် အနီးဝန်းကျင်ကျေးရွာအတွင်းရှိ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာပေးခြင်းနှင့် ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့်ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်ကျွေးပေးခဲ့ကြောင်း၊ အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းများကို မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ပင်လောင်းမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံးများ၊ ကျေးလက်ကျန်းမာရေးဌာနများမှ စုစုရပ်အသီးသီးတွင်လည်း ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခွန်အာကာစိုး