မိုင်းကိုင် ဇွန် ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့မနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်စိုးဦးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ဝန်ထမ်းသား/သမီးများထဲမှ သူနာပြုသင်တန်းတက်ရောက်မည့်သူတစ်ဦးကို ပညာသင်စရိတ်ပေးအပ်ခဲ့ပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကျော်ကျော်၊ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ ဥက္ကဋ္ဌ ဒေါ်ဇာခြည်ဖြိုး၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ဇင်မာထွန်းနှင့် တာဝန်ရှိသူများက အထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ KG နှင့် မူလတန်းကြိုကျောင်းများတွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား/သူ ၃၉ ဦးတို့ကို အသီးသီး ပညာသင်စရိတ်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)