ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း “အိုမီခရွန်” ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်

ငါန်းဇွန် ဇွန် ၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း “အိုမီခရွန်” ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို မိဘပြည်သူများသိရှိစေရန် ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ကြောင်း သိရသည်။

ထိုသို့လှည့်လည်အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ရောဂါလက္ခဏာမပြသူများထံတွင်လည်း ရောဂါပိုးကူးစက်ခံရမှုများရှိနေခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး ကြိုတင်ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့သွားရာတွင် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်၊ အကယ်၍ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း စသည့်လက္ခဏာများဖြစ်ပွားပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဌာနများသို့ ချက်ချင်းဆက်သွယ်၍ ဆေးကုသမှုခံယူရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာကြရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး (ငါန်းဇွန်)