လှိုင်းဘွဲမြို့နယ် ကျေးရွာများတွင် မိုးရာသီသစ်ပင်များစိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်များအခမဲ့ဖြန့်ဝေပေး

လှိုင်းဘွဲ ဇွန် ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက်ရည်ရွယ်ပြီး  ပျိုးဥယျာဉ်အတွင်း ပျိုးပင်ပေါင်း(၄၀၀၀၀) စိုက်ပျိုးထားရှိရာ ပျိုးပင်များကို ယမန်နေ့ကစတင်၍ ကျေးရွာများတွင် ဖြန့်ဝေပေးလျက်ရှိကြောင်း  သိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဒေသနှင့်ကိုက်ညီသောပျိုးပင်များ စိုက်ပျိုးနိုင်ရန်အတွက် သစ်တောဦးစီးဌာနပျိုးဥယျာဉ်အတွင်း မန်ဂျန်းရှားပင်(၁၅၀၀၀)၊ ကျွန်းပင် (၁၀၀၀၀)၊ မယ်ဇလီပင်(၃၀၀၀)၊ ပျဉ်းမ(၁၅၀၀)၊ မဟော်ဂနီ (၃၀၀၀)၊ ကုက္ကိုလ်(၁၀၀၀)၊ ခရေ(၅၀၀)၊ ငုရွှေဝါ(၃၀၀၀)နှင့် စိန်ပန်း(၃၀၀၀) စုစုပေါင်း(၄၀၀၀၀)တို့ကို စိုက်ပျိုးထားရှိပြီး ပျိုးပင်များအား ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူးဦးလှမြင့်ဦးထံမှ သိရှိရသည်။

စောဒိ(ပြန်/ဆက်)