သာပေါင်း ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၈၄၂)ဦးတို့အား မြို့နယ် လူမှု၀န်ထမ်းဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ပြည်အေးခန်းမ၌ သက်ကြီးဘိုးဘွားလူမှုရေးပင်စင်များ ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်းအောင်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်မြင့်တို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီလ၊မေလ၊ဇွန်လ) သုံးလစာ လူမှုရေးပင်စင်တစ်ဦးလျှင် တစ်လ(၁၀၀၀၀)ကျပ်စီဖြင့် (၃)လစာ ၃၀၀၀၀ ကျပ်အား (၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုး(၃၂၇)ဦး၊ အဘွား(၅၁၅)ဦး စုပေါင်း(၈၄၂)ဦးတို့အတွက် ငွေကျပ်(၂၅၂၆၀၀၀၀)တို့ကို သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)