ဒိုက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသားများ ကျောင်းအပ်လက်ခံ

ဒိုက်ဦး ဇွန် ၁

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း(၁၄)ကျောင်း၊ အ.ထ.က(ခွဲ) (၉)ကျောင်း၊ အ.လ.က(၁၉)ကျောင်း၊ အ.လ.က(ခွဲ)(၄၁)ကျောင်း၊ မူလွန်(၇ဂ)၊ အ.မ.က(၁၁) ကျောင်းနှင့် အ.မ.က(ခွဲ)ကျောင်း (၅)ကျောင်း စုစုပေါင်း(၁၇၇)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေလ (၂၆)ရက်နေ့မှစတင်၍ ဇွန်လ(၁) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုနှစ်တွင် တန်းခွဲအလိုက် ကျောင်းအပ်နှံကြသူ ကျောင်းသား ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ဖြန့်ဝေပေးသော  အတန်းလိုက် ကျောင်းသုံးပြဌာန်း စာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာ  ဗလာစာအုပ်များ  ဘောပင်၊ ခဲတံများကို ကျောင်းသားကျောင်းသူများအား အခမဲ့ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယမန်နေ့အထိ ဒိုက်ဦးတစ်မြို့နယ်လုံးအနေဖြင့် ကျောင်းအပ် ကျောင်းသားကျောင်းသူ အရေအတွက်မှာ ၆၉.၂၀ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)