မိုးညိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပပြုလုပ်

မိုးညို မေ ၃၁

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က(မိုးညို) သရဖူခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.ထ.က(မိုးညို)မှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဦးသန်းဦးက ဆရာ၊ ဆရာမများအနေဖြင့် ဦးဆောင်နိုင်မှု၊ စီမံခန့်ခွဲမှု၊ သင်ကြား/သင်ယူမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ ပင်ကိုယ်အရည်အသွေးများ ပြည့်စုံရန်လိုအပ်ကြောင်းနှင့် ကျောင်းအပ်နှံရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားကာ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုကာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး မိုးညိုမြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၁၆၆)ကျောင်းတွင် ယနေ့ထိ ကျောင်းအပ်နှံပြီးစီးသူ ကျောင်းသား၊ ကျောင်းသူ(၁၈၄၃၂)ဦးရှိကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)