ကျောက်ဖြူမြို့တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

ကျောက်ဖြူ  မေ ၂၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချသည်။

အခမ်းအနားတွင် ကျောက်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းကိုဆက်လက်ပို့ချရာ သင်တန်းနည်းပြဆရာ (၄)ဦးတို့က ကျောက်ဖြူမြို့နယ်အတွင်းရှိ  အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ  ကျောင်းအုပ်ဆရာကြီ၊ ဆရာမကြီး (၁၇၁) ဦးတို့အား ပညာရေးစီမံခန့်ခွဲမှုဘာသာရပ်၊ ဘဏ္ဍာရေးရာဘာသာရပ်နှင့် ပညာရေးရာဘာသာရပ်စသည့် ဘာသာရပ်များအား စာတွေ့၊ လက်တွေ့ပို့ချပေးလျက်ရှိသည်။

အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်ဆင့်ပွားသင်တန်းကို မေလ ၂၉ ရက်နေ့မှ  ၃၀ ရက်နေ့အထိ (၃)ရက်ကြာ ပို့ချပြသသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း