ဗန်းမောက်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာတန်ဘိုးငွေများ ထောက်ပံ့ပေးအပ်

ဗန်းမောက် မေ  ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌  မြို့နယ်အတွင်း ဧပြီလ(၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းသဘာဝဘေးတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ပြည်သူများအား နိုင်ငံတော်မှထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ()နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင်း  မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးက မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား နိုင်ငံတော်အစိုးရက လူသားချင်းစာနာထောက် တားမှုဖြင့် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့်  အဆောက်အဦးများ၏ တန်းဖိုးငွေနှင့်အထောက်အကူပြုစေမည့် ထောက်ပံ့ပစ္စည်းများကို ပြန်လည်ထောက်ပံ့ပေး အပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လေးဘေးသင့်ကျေးရွာများဖြစ်ကြသည့် ရေတွင်းကုန်း၊ မံကပ်၊ စီးမော်၊ နားမော်၊ ပါယ၊ ပေါက်နက်ကုန်း၊ မံဝိန်း၊ ကျောက်တန်းနှင့်လယ်ဦးကျေးရွာ စုစုပေါင်းကျေးရွာ()ရွာရှိ  လေဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာတန်ဘိုးငွေများကိုပေးအပ်ရာ လေဘေးသင့်အိမ်ထောင်စုဝင်များက အသီးသီးလက်ခံရယူခဲ့ကြကြောင်း သိရသည်။

မေသူ(ဗန်းမောက်)