ဗန်းမောက် မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ သာဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာလှပစေရန်အတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၇)နာရီအချိန်က မြို့နယ် ကုတင်(၁၀၀) ဆေးရုံဝင်းအတွင်း၌ ကျင်းပစိုက်ပျိုးခဲ့ကြသည်။
ထိုသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှဦးစီး၍ကုတင်(၁၀၀)ဆေးရုံဝင်းအတွင်းရှိ မြေကွက်လပ်၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် အရိပ်ရရှိစေရေးအတွက် ကျွန်းပင်(၂၀၀)၊ ခရေပင်(၁၀၀)၊ ဗန်ဒါပင်(၅၀)၊ စိန်ပန်းပင်(၅၀)၊ ပျဉ်ကတိုးပင်(၇၅)နှင့် မျောက်ငိုပင်(၂၅)ပင် စုစုပေါင်းပျိုးပင်(၅၀၀) ပင် တို့ကို သစ်ပင်စိုက်ပျိုး ပွဲတော် သို့ တက်ရောက်လာကြသူများက တစ်ပျော်တစ်ပါးစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်းထမ်းများ၊ ပညာရေးဌာနမှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်းအင်းအား(၁၀၀)ကျော်ခန့်က တက်ရောက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မေသူ(ဗန်းမောက်)