ကံမ မေ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသအတွင်း စိမ်းလန်း စိုပြေရေးနှင့် ရာသီဥတုကောင်းမွန်မျှတစေရန်အတွက်ပျိုးပင်ပေါင်း(၅)သောင်း (၅)ထောင်ကျော် စိုက်ပျိုးထားရှိပြီး သစ်တောစိုက်ခင်းများ ရပ်ကွက်ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများနှင့် သာသနာ့နယ်မြေများအတွင်း မိုးဦးကျကာလ၌ စိုက်ပျိုးရန်အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့ ပျိုးပင်များ စိုက်ပျိုးထားရှိရာတွင် ကျွန်းပင်(၄၄၇၈၅)ပင်၊ ကသစ်(၅၀၀)ပင်၊ ပျဉ်းကတိုး (၅၀၀၀)ပင်၊တမာ(၅၀၀၀)ပင်နှင့် ထန်းပင် (၅၀)ပင် စုစုပေါင်းပျိုးပင်ပေါင်း(၅)သောင်း (၅)ထောင်ကျော် စိုက်ပျိုးထားရှိပြီး ပြည်သူလူထုအား အခမဲ့ဖြန့်ဝေပေးခြင်းအပြင် လိန်တုန်းတိုးချဲ့ကြိုးဝိုင်းအကွက်အမှတ်(၈) အတွင်းရှိ မြေဧက(၅၀)တွင်လည်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှသိရသည်။
ကျော်ဇေယျဝင်း(ကံမ)