ချောင်းဆုံမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ချောင်းဆုံ မေ ၂၈

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြိုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် သစ်တောဦးစီး ဌာနမှဦးဆောင်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျော့ချနိုင်စေရန်၊ ဂေဟစနစ်ဖွံ့ဖြိုးခိုင်မာစေရေးအတွက်ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို မေ ၂၈ ရက်နေ့ နံနက် (၈)နာရီက ကလွီကျေးရွာ ဆင်ဖြူဘုန်းကြီးကျောင်းတွင် စုပေါင်းစိုက်ပျိုးခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လူမှုရေးအသင်းအဖွဲ့ဝင်များ ဒေသခံပြည်သူများ(၂၈၀)ဦးတို့သည် ကျွန်း(၁၀၀)ပင်၊ သင်္ကန်း(၁၀၀)ပင်၊ မဟော် ဂနီ(၄၅၀)ပင်၊ မန်ဂျန်ရှား(၃၀၀)ပင်နှင့် ရင်ခတ်(၅၀)ပင် စုစုပေါင်း အပင်(၁၀၀၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)