မြင်းမူ မေ၂၈
၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပြည်သူ့အားကစားကွင်းတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် ဌာနဆိုင်ရာဝန်ထမ်းများ မြို့နယ်အမျိုးသမီးရေးရာအဖွဲနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ ဒေသခံပြည်သူများထံ မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ဦးမင်းဇော်ဆန်းက ခရေပင်များကို ပေးအပ် ရာ လက်ခံရယူကြပြီး သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းစိုက်ပျိုးခဲ့ကြဿည်။
ယခုနှစ်မိုးရာသီအကြိုအဖြစ် ခရေပင်(၅၀၀)ကို စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနပျိုးဥယာဉ်တွင် ယခုနှစ်မိုးရာသီတွင် ပျိုးပင်ပေါင်း(၃၃၀၀၀)ကို ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများ၊တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအသင်းများထံ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
အောင်စိုးဖေ(မြင်းမူ)