နတ်မောက်မြို့နယ်တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နတ်မောက်  မေ   ၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ အသက် (၅) နှစ်မှ(၁၂)နှစ်အတွင်းရှိသော အခြေခံပညာကျောင်းသား/သူများနှင့် ပြင်ပကလေးသူငယ်များအားကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့ ညနေ ၃ နာရီ အချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန့်စင်က ပြောကြားရာတွင် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိသော အခြေခံပညာကျောင်းသား/သူ၊ ကလေးသူငယ်များအား ၂၀၂၂ ခုနှစ် ဇွန်လ (၂) ရက်နေ့ အခြေခခံပညာကျောင်း များ စတင်ဖွင့်လှစ်ချိန်မှစ၍ Sinopharn အမျိုးအစား ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပြီး ကျောင်းအခြေပြု ဆေးထိုးစုရပ်အနေဖြင့် အ.ထ.က (၃) အောင်ဆန်းကျောင်း၊ အ.ထ.က (ရွာမွန်)၊ အ.ထ.က (ရွှေပန်းတော)၊ အ.ထ.က (ဖန်ခါးစမ်း)နှင့် အ.ထ.က (စိုင်ကောင်း)တို့တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာများသို့ Mobile ကားဖြင့် ကျေးရွာအရောက် ထိုးပေးသွားမည်ဖြစ်ကြောင်း၊ ဆေးထိုးစုရပ်အလိုက်တာဝန်ကျသည့် ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာဆရာ/မများဖြင့် ဆက်သွယ်ဆောင်ရွက်ရန်၊ ဆေးထိုးခြင်းလုပ်ငန်းများနှင့်ပတ်သတ်၍ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများအား အသိပညာပေးခြင်းလုပ်ငန်းများဖြစ်သည့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိချဲ့စက်ဖြင့်လှည့်လည် ကြေညာခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး သက်ဆိုင်ရာဌာနများကလည်း ဆောင်ရွက်ရမည့်လုပ်ငန်းကော်မတီများအလိုက်တင်ပြဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ​မြို့နယ်ကိုဗစ်-၁ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သင်းသင်းမြတ်