ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း (Booster)များဆက်လက်ထိုးနှံပေး

ပုဏ္ဏားကျွန်း မေ ၂၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးစီးခဲ့သည့် ပြည်သူများအား ထပ်ဆောင်း(Booster)များ ဆက်လက်ထိုးနှံခြင်းကို  ယနေ့နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးများဆက်လက်ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်အဖွဲ့ဝင်များ ကြီးကြပ်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်စာရေးဝန်ထမ်းတို့က စာရင်းများကောက်ယူပြီး၊ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်စစ်ထွန်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းတို့က ကာကွယ်ဆေးမထိုးမီ ကိုယ်အပူရှိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန် တိုင်းတာခြင်း၊ သွေးတွင်းအောက်စီဂျင်ပမာဏ တိုင်းတာခြင်းနှင့်ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်ပေးပြီးမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း(Booster)အား စနစ်တကျထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က ပုဏ္ဏားကျွန်း မြို့ပေါ်တွင် ၆၄ ဦး၊ ကွန်းတောင်ကျေးရွာအုပ်စုတွင် ၂၁ ဦး၊ စုစုပေါင်းပြည်သူ (၉၁)ဦး လာရောက်ထိုးနှံခဲ့ကြသည်။ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း (Booster)များအား ယနေ့အထိ၊ ထိုးနှံပြီးစီးသည့်ပြည်သူ ၉၉၅၅ ဦးရှိပြီး၊ ကျန်ရှိနေသည့် ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)