Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး အတွက် e-Library Management System Software အသုံးပြုနည်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပျဉ်းမနား၊ မေ  ၂၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့စာ ကြည့်တိုက်များအခန်းကဏ္ဍ မြှင့်တင်နိုင်ရေးနှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍမြှင့်မားရေး အတွက် သမားရိုးကျစာကြည့်တိုက်လုပ်ငန်းစနစ်မှ Digital Library စနစ်သို့ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး  e-Library Management System Software အသုံးပြုနည်းသင်တန်း (/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ နာရီခွဲတွင် ပျဉ်းမနားမြို့နယ် လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ခရိုင်နှင့်မြို့နယ်များမှာရှိတဲ့ ပြည်သူ့စာကြည့်တိုက်တွေမှာ သမားရိုးကျစနစ်နဲ့ ဆောင်ရွက်လျက်ရှိတဲ့ စာအုပ်စာစောင်များ မှတ်ပုံတင်ခြင်း၊ ကတ်တလောက် ရေးသွင်းခြင်း၊ စာအုပ်စာစောင်ငှားရမ်းခြင်းလုပ်ငန်းတွေကို ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာများနဲ့အညီ Digital Library စနစ်သို့ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် e-Library Management System Software ကို ရေးဆွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊  ပြည်သူ့စာကြည့်တိုက်များက Digital Library စနစ်ဖြင့် စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Software အသုံးပြုနည်းသင်တန်းများကို စီစဉ် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊   e-Library Management System Software ကို အသုံးပြုခြင်း အားဖြင့် သက်ဆိုင်ရာရုံးများအလိုက် စာအုပ်စာရင်းများရေးသွင်းခြင်း၊ ရက်လွန်စာအုပ်များ အခြေအနေ၊ စာဖတ် ပရိသတ်ဦးရေနှင့် အကြံပြုချက်များကို ဦးစီးဌာန(ရုံးချုပ်)အနေဖြင့်လည်း Software အသုံးပြုစောင့်ကြည့် ကြီးကြပ်နိုင်ပြီး တိုင်းဒေသကြီး/ပြည်နယ်ရုံးများအနေဖြင့်လည်း သက်ဆိုင်ရာရုံးများအလိုက် စာကြည့်တိုက် လုပ်ငန်းဆောင်ရွက်နေမှုတွေကို ကြီးကြပ်ဆောင်ရွက်ပေး နိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းသား တွေအနေနဲ့ သင်ကြားခဲ့ရသည့်ပညာရပ်များကို လက်တွေ့ လုပ်ငန်းတွင် ထိရောက်စွာအသုံးချကြရမှာဖြစ်သလို မိမိရုံးရှိ အခြားဝန်ထမ်းများကိုလည်း ပြန်လည်မျှဝေဆောင်ရွက်ပေးကြရန်လိုကြောင်း’’ သင်တန်းဆင်း အမှာစကား ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ရာ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားခေါင်းဆောင်က လက်ခံရယူသည်။

အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စာကြည့်တိုက်လုပ်ငန်း လုပ်ဆောင် နေကြသည့် ဝန်ထမ်း(၂၈)ဦးတို့တက်ရောက်ခဲ့ကြပြီး မေလ(၂၃)ရက်နေ့မှ (၂၇)ရက်နေ့အထိ စာကြည့် တိုက်ပညာရပ်ဆိုင်ရာများနှင့် e-Library Management System Software အသုံးပြုနည်း ပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)