ဘီးလင်းမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံရာဒုတိယနေ့အထိလာရောက် အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ နှစ်သောင်း ကျော်ရှိလာ

ဘီးလင်း      မေ       ၂၈

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက်ကျောင်းအပ်နှံလက်ခံခြင်းကို ယမန်နေ့ နံနက် ပိုင်းမှစတင်ကာ  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးရှိ  ဆရာ ၊ ဆရာမ များက တစ်​​ပြိုင်တည်း ဆောင်ရွက်ခဲ့ကြရာ  ယနေ့ ထိ နှစ်ရက်တာ ကာလအတွင်း  လာရောက်  အပ်နှံသည့် ကျောင်းသား ၊ကျောင်းသူ ဦးရေ နှစ်သောင်း ကျော်ရှိကြောင်းသိရသည်။ 

ဘီးလင်းမြို့နယ်တွင် အ.ထ.က   (၁၁)  ကျောင်း၊ ထ-ခွဲ (၉) ကျောင်း၊ အ.လ.က (၃) ကျောင်း၊ လ-ခွဲ (၁၀)ကျောင်း၊မူလွန်(၁၆)ကျောင်း၊.မ.က(၁၀၉) ကျောင်း၊ အမက-ခွဲ(၅)ကျောင်း  စုစုပေါင်း (၁၆၃) ကျောင်းရှိရာ ယနေ့အထိ အထက်တန်းအဆင့် လာရောက်အပ်နှံသူ  (၁၂၇၅) ဦး  ၊  အလယ်တန်း အဆင့် လာရောက်အပ်နှံသူ(၄၂၈၀) ဦးမူလတန်း အဆင့် လာရောက်အပ်နှံသူ(၁၄၄၈) ဦးစုစုပေါင်း (၂၀၀၄၂)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိ ရှိရသည်။

ထူးနောင် ဘီးလင်း