သာပေါင်း မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှု မရှိစေရေး၊ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ခရီးသွားလာရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး မှတ်တမ်းများကို ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့နံနက် ၉ နာရီအချိန် မြို့အဝင် စစ်ဆေးဂိတ်တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ခိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူများ ပူးပေါင်း၍ လိုင်စင်မဲ့ယာဉ်များ မှတ်ပုံတင် ဆောင်ရွက်ရေး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန်၊ စီးနင်းသွားလာခြင်း မရှိစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့်၊ ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "ပန်းခင်းစီမံချက်"အရ ပြုလုပ်ပေးနေသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား နိုင်ငံသားပြည်သူတိုင်း ကိုင်ဆောင် ခရီးသွားရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှတ်တမ်း ယူဆောင်လာကြရန် စိစစ် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်