ကျောက်ဖြူ မေ ၂၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မော်တော်ယာဉ်များအား စီးနင်းမောင်းနှင်ကြသည့်ပြည်သူများကို ယနေ့နံနက်ပိုင်းက အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့အဝင်/အထွက်နေရာဖြစ်သည့် ပွိုင့်ရှေ့လမ်းဆုံနေရာ သို့သွားရောက်ပြီး ယာဉ်စည်းကမ်း အသိပညာပေးစာတန်းပါ T-Shirt အင်္ကျီများကို အခမဲ့ပေးဝေခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့နယ် အမှတ်(၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ်သန်းစိုးအောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက မြို့အဝင်အဝေးပြေးကားလမ်းမကြီးတစ်လျှောက် ဖြတ်သန်းမောင်းနှင်လာသည့် အနှေးယာဉ် မောင်းနှင်သူများ၊ အငှားယာဉ်မောင်းနှင်သူများနှင့် ကား၊ဆိုင်ကယ် စသည့် မော်တော်ယာဉ် မောင်းများကို စစ်ဆေးကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်ကြသည့် ပြည်သူများကို ယာဉ်စည်း ကမ်းအသိပညာပေးစာတန်းပါ T-Shirt အင်္ကျီများကို အခခဲ့ပေးဝေခဲ့ပြီး လိုက်နာမှုမရှိသည့် ယာဉ်မောင်းများကို အရည်အသွေးမြင့်သောဆိုင်ကယ်ဦးထုပ်များ သေချာစွာတပ်ဆင်မောင်းနှင်ကြရန်၊ နှစ်ဦးထက်ပို၍ သယ်ဆောင်မောင်းနှင်ခြင်းမပြုကြရန်၊ ရှေ့မီးအနိမ့်ဖွင့်၍ နေ့ရောညပါ မောင်းနှင်ကြရန်၊ ဆိုင်ကယ်အား စက်သံဆူညံစွာမောင်းနှင်ခြင်းမပြုကြရန်၊ မော်တော်ယာဉ်မောင်းနှင်သူများနှင့် ယာဉ်ပေါ် လိုက်ပါသူများအနေဖြင့် အသက်ကယ်ခါးပတ်အား တပ်ဆင်မောင်းနှင်ကြရန် စသည့်ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးများဟောပြောပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)