ကျိုက်မရော မေ ၂၇
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ပညာရေးမှူးရုံးတို့ပူးပေါင်း၍ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် အသိပညာပေး (talk-Show) ကို ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community-Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်အသိပညာပေး (talk-Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားပြီး ကျိုက်မရောမြို့နယ် ပညာရေးမှူး ဒေါ်စုစုဌေးက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ပညာရေးဆွေးနွေးရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံရေး နေ့ကို မေလ ၂၆ ရက်မှဇွန်လ ၁ ရက်နေ့ထိ သတ်မှတ်ထားပြီး ကျောင်းအပ်နှံရေးနေ့မတိုင်ခင်ကပင် ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ် ထားရှိပြီး ကျောင်းသားမိဘများအနေဖြင့် ကျောင်းအပ်နှံရေးနေ့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြို့နယ်ပညာရေးဌာနမှ ဦးဆောင်၍ လူစည်ကားရာ နေရာများ၊ လမ်းဆုံလမ်းဝများတွင် ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်ကြော်ငြာ ဗီနိုင်းများကိုကပ်ခြင်း၊ ပြည်သူများသိရှိစေရန် အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်အသိပေးခြင်း၊ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာများကို ပြည်သူများ မြင်သာသည့် နေရာများတွင် စိုက်ထူခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ၊ ကျောင်းအပ်နှံရာတွင် လိုက်နာရမည့်အချက်များကို မိဘပြည်သူများ သိရှိအောင်ကျောင်းများတွင် ကြိုတင်ကပ်ထားခြင်းများ ဆောင်ရွက်ခဲ့သည်။ ကျိုက်မရောမြို့နယ်တွင် ကျောင်းအပ်နှံခြင်းကို မေလ ၂၆ ရက်တစ် ရက်ထဲ၌ပင် အပ်နှံသူ (၁၄၁၁၁) ဦးရှိပြီး ကျောင်းအပ်နှံမှု ရာခိုင်နှုန်းအနေဖြင့် (၃၅.၂၁) ရာခိုင်နှုန်းထိရှိခဲပြီးဖြစ်ကြောင်း ကျောင်းအပ်နှံရာတွင်လည်း မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိစေဘဲ အခြေခံပညာ မူလတတန်းမှ အထက်တန်းထိ ဖတ်စာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။
ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)