ရွှေဘိုခရိုင်ရုံး လူထုအ‌ခြေပြုဗဟိုဌာနတွင် လူငယ်နှင့်မူးယစ်ဆေး အသိပညာပေး Talk Show ကျင်းပ

ရွှေဘို မေ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် မြို့နယ်စာရေးဆရာအသင်း နာယကဥက္ကဋ္ဌများနှင့် လူငယ်နှင့်မူးယစ်ဆေး အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်နှင့်မူးယစ်ဆေးအသိပညာပေး Talk Show တွင် ဆရာစောသက်ရွှေမှ လူငယ်တွေမူးယစ်ဆေးနှင့် ဝေးဝေးနေသင့်ကြောင်း၊ မူးယစ်ဆေးဟာ စူးစမ်းမသုံးသင့်တဲ့ အရာဖြစ်ကြောင်း၊ မိဘများအနေဖြင့် သားသမီးများ၏ သူငယ်ချင်းများကိုပါ သိရှိသင့်ကြောင်း၊ လူငယ်များအနေဖြင့် မူးယစ်ဆေးကို ဝေးဝေးရှောင်သင့်ကြောင်း စာရေးဆရာ အောင်ဘုန်းညို က မူးယစ်ဆေးနွံနစ်ခဲ့ပြီး ပြန်လည်ရုန်းထွက်နိုင်သည့် လူများအကြောင်းကိုစံနမူနာပြု‌ကြ ဆွေးနွေးပြီးနောက် မြတ်သာထွန်း ရွှေစံပြမှ မူးယစ်ဆေး၏ဆိုးကျိုးများ နိုင်ငံတကာ၏ မူးယစ်ဆေးဥပဒေများ၊ မူးယစ်ဆေးသုံးစွဲသူများ၏ ရောဂါလက္ခဏာများ စသည်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်စာရေးဆရာအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပူးပေါင်းပြီး လစဉ်လူငယ်များ အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)