မာန်အောင် မေ ၂၇
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်၁၁နာရီက မြို့နယ်တိုင်းရင်းဆေးကုဌာန ဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များအတွက် စာပေဖတ်ရှုမှုအဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး သုတ၊ ရသစာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်းနှင့် ရုပ်ပြစာအုပ်များကို တစ်ပတ်ငှားပြီးအသစ်လဲလှယ်ပေးလျက်ရှိရာ မြို့နယ်တိုင်းရင်းဆေးကုဌာန ဝန်ထမ်းများအား တစ်ပတ်ပြည့်၍ စာအုပ်သစ်ဖြင့် လဲလှယ်ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)