မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်

မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်

တောင်ပြိုလက်ဝဲ မေ ၂၇

 ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ) ကျောင်း၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မီးတိုက်ကျေးရွာ ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ရွာသူ၊ရွာသားများ စုပေါင်းကာ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 ထိုသို့ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ရာတွင် အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်း အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် မီးတိုက်ကျေးရွာရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ် စိုးမင်းဦး ဦးစီးပြီး တပ်ဖွဲ့ဝင် ၁၂ ဦးနှင့် ရွာသူ၊ရွာသား(၃၀)ဦး စုပေါင်းအဖွဲ့တို့မှ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ) ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်

ကျောင်းသူ၊ကျောင်းသားများ ကျောင်းအပ်လက်ခံနိုင်ရေး၊ ကျောင်းသူ၊ကျောင်းသားများ ပညာသင်ယူနိုင်ရေး၊ကျောင်းပတ်ဝန်ကျင်းသာယာလှပရေးတို့အတွက် ကျောင်းဝန်း၊ကျောင်းပြင်ရှိ ပေါင်းပင်များ၊မြက်ပင်များ၊ ၊ခြုံနွယ်များ၊​အမှိုက်များစသည်တို့ကို ပေါက်တူ၊ပေါက်ပြား၊ မြက်ရိတ်စက်တို့ဖြင့်  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

တောင်ပြို(ပြန်/ဆက်)

၀၉၄၂၁၇၆၁၈၀၅