ဘိုကလေး မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စုတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သပြုကုန်းကျေးရွာအုပ်စု၊ အေးရွာကျေးရွာအုပ်စု၊ ပိုက်စလကျေးရွာ အုပ်စုမှ တောင်သူများနှင့် ယမန်နေ့ညနေ(၃)နာရီ၌ တွေ့ဆုံ၍ မိုးစပါး၊ နွေစပါးများ စိုက်ပျိုးရာတွင် စိုက်ဧကပြည့်မှီစွာ စိုက်ပျိုးဆောင်ရွက်ရေးနှင့် ဆောင်းသီးနှံအဖြစ် ဝင်ငွေတိုးစေမည့် နေကြာတိုးချဲ့ စိုက်ပျိုးနိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးဝင်းစိုးဦး၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးမှူး ဦးတင်ထွန်းအောင်၊ မြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးကြည်စိုးနှင့် ဒေသခံတောင်သူ(၉၅)ဦး တက်ရောက်ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)