ဒေးဒရဲ မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က နိုင်ငံတော်အနေဖြင့် အရွယ်ရောက်သူကလေးတိုင်း KG+9 အခြေခံပညာ အလယ်တန်းအဆင့် ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေး စီစဉ်ချမှတ် ဆောင်ရွက်လျက်ရှိပြီး အရွယ်ရောက်သူ ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးအတွက် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများ၊ ကျောင်းဝန်းကျောင်းပြင် သန့်ရှင်းရေးအတွက် သက်ဆိုင်ရာဌာနနှင့် ဒေသပိုင်အဖွဲ့အစည်းများ ပေါင်းစပ်ဆောင်ရွက်လျက်ရှိပြီး မိမိဒေသဖွံဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ပညာတတ်လူငယ်များ ပေါ်ထွန်းလာစေရေး၊ ကလေးများပညာသင်ယူခွင့် ရရှိရေးအတွက် ဌာနဆိုင်ရာများ၊ ဆရာ၊ မိဘများ၊ အဖွဲ့အစည်းများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက်မြို့နယ်ပညာရေးမှူး ဦးလှစိုးက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမိသားစု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်ရင်ခွင်မဲ့ကလေးများ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်(ပြန်/ဆက်)ဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် အလှူရှင်များက ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများအား ပေးအပ်လှူဒါန်းခဲ့ရာ ပညာရေးဌာနရှိ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အေဇာလင်း