မုဒုံ မေ ၂၇
မွန်ပြည်နယ် မုဒုံမြို့နယ် သစ်တောဦးစီးဌာနက ကြီးမှူး၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက မြို့မ(၄)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းဝင်းအတွင်း၌ စိုက်ပျိုးခဲ့ကြောင်းသိရသည်။
မုဒုံမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းတို့ဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဒေသရာသီဥတု မျှတကောင်းမွန်စေရန်အတွက် မန်ဂျန်ရှားအပင် (၅၀)၊ မဟော်ဂနီ အပင် (၅၀)၊ သင်္ကန်းအပင် (၅၀)၊ စိန်ပင်ကြီးအပင် (၅၀) စုစုပေါင်း ပျိုးပင်(၂၀၀)ကို မုဒုံမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ/ဆရာမများနှင့်ကျောင်း သား/သူများ၊ ဒေသခံပြည်သူများတို့က ပျော်ရွင်စွာစိုက်ပျိုးခဲ့ကြသည်။
၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၃၅၀၀၀)ကို ပျိုးထောင်ထားရှိပြီး လိုအပ်သည့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇောအောင်ထံမှ သိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)