ငရုတ်ကောင်းမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုအခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ငရုတ်ကောင်း မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့(အ.ထ.က)၊ ကျွေချိုင်ကျေးရွာ (အ.ထ.က-ခွဲ)နှင့် နံ့သာပုကျေးရွာ(အ.ထ.က-ခွဲ) ကျောင်းများတွင် ယနေ့နံနက်ပိုင်းက ကျောင်းအပ်နှံမှု အခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးဇင်မြတ်မင်းထွဋ်၊ ခလရ(၃၆)မှဗိုလ်ကြီး ဟန်ဝင်းစိုး၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီးမြတ်သန်းတင့်နှင့် တာဝန်ရှိသူများသည် ငရုတ်ကောင်းမြို့(အ.ထ.က)၊ ကျွေချိုင်ကျေးရွာ(အ.ထ.က-ခွဲ)နှင့် နံ့သာပုကျေးရွာ (အ.ထ.က-ခွဲ)ကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် အဆိုပါ စာသင်ကျောင်းများရှိ စာသင်ကျောင်းဆောင် အခန်းများနှင့် ကျောင်းပတ်ဝန်းကျင် အခြေအနေများအား ကြည့်ရှု၍ လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)