ကြို့ပင်ကောက် မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်(ပထမနေ့) ယမန်နေ့နံနက်(၉)နာရီမှ စတင်၍ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခဲ့ရာ ကျောင်းအပ်နှံမှုရာခိုင်နှုန်း ၆၉ ဒသမ ၈၁ လာရောက်အပ်နှံခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း (၁၇၁) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်းတို့ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးမှူးရုံးမှ ကြီးကြပ်၍ ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ထားရှိခဲ့ရာ ကျောင်းအပ်နှံရေးသီတင်းပတ်(ပထမနေ့) ယမန်နေ့က စတင်လက်ခံခဲ့ရာ မူလတန်းအဆင့် စာရင်းရှိ(၉၂၅၉)ဦး၊ အပ်နှံသူ(၇၀၄၇)ဦး၊ အလယ်တန်းအဆင့် စာရင်းရှိ(၃၁၇၇)ဦး၊ အပ်နှံသူ(၁၈၄၇)ဦး၊ အထက်တန်းအဆင့် စာရင်းရှိ(၁၃၆၉)ဦး၊ အပ်နှံသူ (၇၄၄)ဦး၊ စုစုပေါင်း စာရင်းရှိ(၁၃၈၀၅)ဦးတွင် လာရောက်အပ်နှံသူ(၉၆၃၈)ဦးရှိ၍ ၆၉ ဒသမ ၈၁ ရာနှုန်း အပ်နှံထားရှိပြီးကြောင်း ကျောင်းဖွင့်ရက်များတွင်လည်း ကျောင်းအပ်လက်ခံခြင်းများကို ဆက်လက်လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ယခင်နှစ်က ကျောင်းအပ်နှံမှု ၆၁ ဒသမ ၄၆ ရာခိုင်နှုန်းသာရှိခဲ့ပြီ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်နှံမှု ပထမတစ်ရက်တည်းတွင် ၆၉ ဒသမ ၈၁ ရာခိုင်နှုန်း လာရောက်အပ်နှံခဲ့ကြောင်း ယခုနှစ် ကျောင်းတက်ရာခိုင်နှုန်းမှာ တစ်ရာရာခိုင်နှုန်းကျော်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)