ကျောင်းကုန်းမြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကျောင်းကုန်း မေ ၂၇

သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်ပင်သစ်တောများမှ ရာသီဥတု အပူဒဏ်ကို ကာကွယ် ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးလာစေရန် ရည်ရွယ်၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်သစ်တောဦးစီးဌာန၊ ကျောင်းကုန်းဘိနယ်မှ ကြီးမှူး၍ ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ်ကုန်းအုပ်စု၊ နတ်ချောင်းကျေးရွာတွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်၊ အဖွဲ့ဝင်(၃)မြို့နယ်လ.ဝ.က ဦးစီးမှူး ဦးအောင်စိုး၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးအောင်နိုင်ဦး၊ ရေကြည်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်-၆ နှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း အင်အား(၁၅၀)ခန့်က အမြင့်(၃)ပေနှင့် အထက်ရှိသော ကျွန်း(၃၀၀)ပင်၊ ပျဉ်းက တိုး(၅၀)ပင်၊ ယူကလစ်(၁၀၀)ပင်၊ မန်ဂျန်ရှား(၂၅၀)ပင်၊ စုစုပေါင်း သစ်ပင်(၇၀၀)ပင်တို့ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ ပျိုးထောင်ထားရှိသည့် ပျိုးပင်များအား ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)