အင်္ဂပူ မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့နံနက် (၈)နာရီအချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အင်္ဂပူမြို့နယ်အတွင်း၌ ပင်စင်လစာထုတ်ယူသူဦးရေ စုစုပေါင်း (၂၀၈၂) ဦးရှိပြီး နိုင်ငံရေးပင်စင်စား (၁၅၈)ဦး၊ ကာကွယ်ရေးပင်စင်စား (၅၉၇) ဦး၊ မြို့ပြပင်စင်စား (၁၃၁၇)ဦးနှင့် ဘဏ်ပင်စင်စား (၁၀)ဦးရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာထံမှ သိရသည်။
အဆိုပါ ပင်စင်လစာငွေ ထုတ်ပေးခြင်းကို ယခုလတွင် မေလ(၂၁)ရက်နေ့မှ (၃၁)ရက်နေ့ထိ၊ ရုံးပိတ်ရက်မှအပ ရုံးဖွင့်ရက်များတွင် နံနက် (၈)နာရီမှ မွန်းလွဲ (၂)နာရီအချိန်ထိ ထုတ်ပေးလျက်ရှိပြီး ပင်စင်လစာငွေများ ထုတ်ပေးရာတွင် မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဒေါ်ခိုင်နွယ်စိုးနှင့် တာဝန်ရှိသူများက ပင်စင်စားများအား စနစ်တကျ ထုတ်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)