ဒိုက်ဦး မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းအတွင်းရှိ ရေကန်များအတွင်းသို့ ဒိုက်ဦးမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းအိညို ဦးဆောင်၍ အဖွဲ့ဝင်များက ပိုးလောက်လမ်း ကာကွယ်ဆေး (Abate) ခပ်ခြင်းကို ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ (Abate) ဆေးခပ်ခြင်းဖြင့် ကျောင်းဖွင့်ချိန်တွင် ပညာလာရောက်သင်ကြားကြသော ကျောင်းသား / ကျောင်းသူများ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်စေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေတတ်သော ပိုးလောက်လမ်းများသေစေရန်နှင့် ပေါက်ပွားမှု မဖြစ်ပွားစေရန် အတွက် (Abate) ဆေးခပ်ခြင်း ဆောင်ရွက်ရတာဖြစ်ကြောင်း အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌက ပြောကြားသည်။
မြို့နယ်(ပြန်/ဆက်)