မင်းတုန်းမြို့နယ်တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲပြုလုပ်

မင်းတုန်း မေ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် သစ်တောဦးစီးဌာနက မှန်ကျေးရွာ ဆက်သွယ်ရေးလမ်းဘေး ပန်းညိုကြိုးပြင်ကာကွယ်တောတွင် ယနေ့နံနက် ၈ နာရီက မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲပြုလုပ်ရာ ကျွန်းပင်(၂၄၀) ပျဉ်းကတိုး(၁၁၅)ပင်၊ ပိတောက်(၁၀၅)ပင်၊ သင်းဝင်(၁၅၅)ပင်နှင့် ယင်းမာ(၈၅)ပင် စုစုပေါင်း အပင်(၇၀၀) စိုက်ပျိုးခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအုန်းလွင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စပါးတန်းရွာ၊ ညောင်ပင်သာရွာ၊ ဝန်တွင်းရွာ၊ မဲဇလီရွာနှင့် မှန်ကျေးရွာနေပြည်သူများက ပူးပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်